မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

 



MNP - အောက်တိုဘာ   ၇  


ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပထမအကြိမ် စတင်ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီ အချိန်က မိုးမိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆောင်ရွက်ခဲ့သည်။


ထိုသို့ထုတ်ချေးပေးရာတွင် ဆောင်းရာသီ သီးနှံစိုက်ပျိုးမည့်တောင်သူများအတွက်    ထုတ်ချေးပေးခြင်း ဖြစ်ပြီး တောင်သူတစ်ဦးလျှင် တစ်ဧက  တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး လယ်ကြီးကျေးရွာရှိ တောင်သူ(၄၈)ဦး၏ စိုက်ဧက (၂၆၅)ဧကအတွက် စုစုပေါင်းချေးငွေ (၂၆,၅၀၀,၀၀၀) သိန်းကိုလည်းကောင်း၊ လက်ခုပ်ပင်ကျေးရွာရှိ တောင်သူ (၂၈) ဦး၏ စိုက်ဧက (၁၃၅) ဧကအတွက် စုစုပေါင်းချေးငွေ (၁၃,၅၀၀,၀၀၀) သိန်းကိုလည်းကောင်း တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်ဟု မိုးမိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


မိုးမိတ်မြို့နယ်တွင် ဆောင်းရာသီ၌စိုက်ပျိုးသောသီးနှံများမှာ  မြေပဲ၊ မတ်ပဲ ၊ ပဲပုတ် စသည့် ပဲမျိုးစုံ ကိုသာစိုက်ပျိုးကြပြီး အဓိကစိုက်ပျိုးသည့်ကျေးရွာများမှာ လယ်ကြီးကျေးရွာ၊ လက်ခုပ်ပင်ကျေးရွာနှင့် သစ်ဆိမ့်ကုန်းကျေးရွာတို့ဖြစ်ကာ ကျန်ကျေးရွာများတွင်မူ စပါးနှင့်အခြားသီးနှံများကို စိုက်ပျိုးကြ ကြောင်း သိရသည်။


သတင်း - စည်သူဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)