ပြည်မြို့နယ်တွင် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရီုင် ပြည်မြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမမများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပြည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သိရီရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး(ရုံးခွဲ)ပြည်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ယု၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အတွင်း အခြေခံပညာထက်၊ လယ်၊မူ ကျောင်းအုပ်ဆရာ၊ဆရာမများတက်ရောက်သည်။


အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပညာရေးမှူးရုံး (ရုံးခွဲ)ပြည်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ယုက တက်ရောက်လာသော ဆရာ၊ဆရာမများအား ကျောင်းသန့်ရှင်းရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သင်ကြားရေးကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍများ အပါအဝင် ပညာရေးဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်လင်းဆွေးနွေး အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နော်အေးမေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွးနွေးပြောကြားပြီး ယင်းဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ယခုအောက်တိုဘာလ (၂၉)ရက်မှ(၃၀)ရက်နေ့အထိ သင်တန်းကာလ(၂)ရက်အတွင်း Admin Division, Assessment, MGT & Budget, MGT & Leader, MGT & Building, M& E plan,Civil Law(TEO Training(1)(2), Physical Education PE Activities စသည်တို့ကို ပို့ချဆွေးနွေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)