ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) အစည်းအဝေးကျင်းပ

 


MNP - အောက်တိုဘာ   ၁၃


ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်အဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ပြည်နယ်အတွက် အရေးပါသည့်လုပ်ငန်းများဖြစ်ပြီး သက်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း၊  ဒေသတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန် ဖြင့်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာစေရန် အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဝင်းတိုးက Aung Sam Ngwe Lar Co.,Ltd ၏စီးပွားဖြစ်စတင်ရန်နှင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်တင်ပြလာခြင်းအပေါ် ကွင်းဆင်းစစ်ဆေးခဲ့မှု အခြေအနေ၊ Hotel Conqueror Co.,Ltd ၏ ဒုတိယအကြိမ် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်တင်ပြလာခြင်းအခြေအနေတို့အား တင်ပြဆွေးနွေးရာ အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)