ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂) စုရှိ အ.ထ.က ကျောင်း (၂) ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂) စုရှိ အ.ထ.က ကျောင်း (၂) ကျောင်းတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌  ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) တို့ပူးပေါင်းစီစဉ်မှုဖြင့် နတ်သံကွင်းကျေးရွာအုပ်စု နတ်သံကွင်းကျေးရွာရှိ အ.ထ.က ကျောင်းနှင့် တုံးကြီးကျေးရွာအုပ်စု သံဘိုကျေးရွာရှိ အ.ထ.က(ခွဲ) သံဘိုကျောင်းတို့တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အား ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အ.ထ.က ကျောင်း(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် ရှေးဦးပြုစု အတတ်ပညာတတ်မြောက်စေရန်နှင့် ရှေးဦးပြုစုခြင်းပညာ ပြန့်ပွားစေရန်၊ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများအား ပြည်သူများပိုမိုသိရှိလာစေရန်၊ မတော်တဆထိခိုက်မှုများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာစဉ် စနစ်တကျတုံ့ပြန်ကူညီတတ်စေရန် အနာဂတ် ကြက်ခြေနီ လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်၊ အများပြည်သူများ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးအသိပညာများမြှင့်တင်ရန်၊ ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့် အညီကူညီရန်၊ ရှေးဦးပြုစုခြင်း ပညာလူထုအတွင်းပြန့်နှံရန်၊ ကြက်ခြေနီသင်္ကေတအရေးပါမှုအား သိရှိရန်ရည်ရွယ် သင်တန်းဖွင့်ရခြင်းဖြစ်ကြောင်း ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မှူး ပြောကြားချက်အရ သိရသည်။


အဆိုပါ သင်တန်းတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း(၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၈၀) ဦးအား  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ သင်တန်းနည်းပြများမှ အောက်တိုဘာ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၃)ရက်တာ အခမဲ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)