ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စု၊ ရွှေပန်းကုန်းကျေးရွာတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျုံတနီးကျေးရွာအုပ်စု၊ ရွှေပန်းကုံးကျေးရွာ၊ ပပ္ပတဘုရားဝန်းအတွင်းရှိ၊ ဒေါ်နီတန်ဆောင်းတော်ကြီးတွင် ကျင်းပသည်။


တွေ့ဆုံ‌ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့ အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု မရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဉ်အန္တရယ်ကင်းရှင်းစေရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျန်းမာရေး ဆိုင်ရာများ၊ ကျေးရွာသန့်ရှင်းရေး၊  နိုင်ငံတကာပညာရေး စနစ်အတိုင်း ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဆိုင်ရာများ၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျေးရွာလမ်း ဆောင်ရွက်မှုများ၊ ကျေးရွာအတွင်း သန့်ရှင်းသာယာလှပစေရန် စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန်စသည့် လုပ်ငန်း ကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက် လာကြသည့်ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာဌာန အလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ ဓနုဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ချိုဦး၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းဦးရေ(၂၀၀)ခန့် တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဌာနမှ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကျေးရွာနေပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆားစသည့် ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)