ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် လှူဒါန်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် လှူဒါန်းပွဲပြုလုပ်





MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှု၏ အရင်းမပျက်ထာဝရဆေးပဒေသာပင်လှူဒါန်းပွဲအခမ်းအနားကိုယနေ့နံနက် (၁၀)နာရီက နာရေးအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရခိုင်ဓညဝတီကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ဝရသာမိက အလှူထည့်ဝင်ငွေကျပ် (၅)သိန်းနှင့် အဝေးရောက်ပေါက်တောမြို့နယ်သူ/သားများနှင့် စေတနာရှင်များမှထည့်ဝင်လှူဒါန်းငွေပေါင်း ယနေ့အထိ ကျပ်သိန်း(၅၀)ခန့်ရရှိပြီဖြစ်ကြောင်းသိရသည်။ 

ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်းကို ၂၀၁၈ခုနှစ်မှစတင်၍ မီးသင်္ဂြိုလ်စက်၊ ဇရပ်များ၊ အသင်းရုံး၊မော်တော်ယာဉ်များနှင့်ဆက်စပ်ပစ္စည်းများကိုစုဆောင်းလာရာ ယနေ့အချိန်အထိကာလတန်ဖိုးငွေကျပ်သိန်းသုံးထောင်ကျော်ခန့်တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်းအနေဖြင့် နေ့စဉ်နှင့်အမျှလူနာကြို/ပို့လုပ်ငန်း၊ အသက်ကယ်အောက်ဆီဂျင်ကူညီပံ့ပိုးရေးလုပ်ငန်းနှင့် သေဆုံးသွားသူများအား မြေမြှုပ်ခြင်း၊ မီးသဂြိုလ်ခြင်းများအပြင်အခြားလိုအပ်သည့်ကိစ္စများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါတွင်ပေါက်တောမြို့နယ်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ်ကုသရန်ရောက်ရှိလာသောလူနာများအတွက် လိုအပ်သောဆေးဝါးများကို အချိန်နှင့်တစ်ပြေးညီဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ရေးအတွက် ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်းမှကြီးမှူး၍ (၂၄)နာရီညလုံးပေါက် ဆေးအရောင်းဆိုင်ကိုဖွင့်လှစ်ရန်အတွက် အရင်းမပျက်ထာဝရဆေးပဒေသာပင်စိုက်ထူရန်ဆောင်ရွက်လျက်သည်။ ထိုသို့ အရင်းမပျက်ထာဝရဆေးပဒေသာပင်အတွက် လိုအပ်လျက်ရှိသောအလှူငွေများထပ်မံရရှိနိုင်ရေးအတွက် ထာဝရဆေးပဒေသာပင်(၁)ပင်လျှင်အလှူငွေ(၁)သိန်းကျပ်နှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ပါရန်အသိပေးနိုးဆော်လျက်ရှိကြောင်း ပေါက်တောမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်း၏ အမှုဆောင်ကော်မတီဝင်များထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)