တောင်ကုတ်မြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်






MNP ၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ၊ နယ်မြေခံတပ်နယ်မှ အရာရှိ ၊စစ်သည်၊လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်တွင် အမှတ်(၄)၊အခြေခံပညာ အထက်တန်းကျောင်း ဝန်းကျင်သန့်ရှင်း သာယာ လှပရေး အတွက်စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊တောင်ကုတ်တပ်နယ်မှ အရာရှိ ၊ စစ်သည်နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များက စုပေါင်း၍ အမှတ်(၄)၊အခြေခံပညာအထက်တန်းကျောင်းခြံဝန်းအတွင်းရှိ ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက် များ ကောက်ခြင်း များကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)