ပခုက္ကူမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်ပေါက်လှချောင်းရေကြီးမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်ပေါက်လှချောင်းရေကြီးမှုဖြစ်ပွား

 


MNP - အောက်တိုဘာ   ၈


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ယနေ့ နံနက် ၁ နာရီမှ ၃နာရီအထိ မိုးသည်းထန်စွာရွာသွန်းပြီး အမှတ်(၁၅)ရပ်ကွက်ရှိ ဆင်ပေါက်လှချောင်းရေကြီးမှုကြောင့် ချောင်းရေဖြင့်မျောပါသွားသူများအား ရှာဖွေကယ်ဆယ်ခြင်းနှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးများရှိ လမ်းပိတ်ဆို့လဲကျနေသည့် ကုက္ကိုပင်ကြီးများနှင့် သစ်ကိုင်း၊သစ်ခက်များ၊ လျှပ်စစ်မီးတိုင်၊ ဓာတ်အားလိုင်းကြိုးနှင့်ဖုန်းလိုင်းကြိုးများအား ရှင်းလင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က ပခုက္ကူခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနက အဖွဲ့သုံးဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ဆင်ပေါက်လှချောင်းရေကြီးမှုကြောင့် ချောင်းအတွင်းကျူးကျော်တဲနေ မိသားစုဝင် ၄ ဦးမှာ ချောင်းရေဖြင့်မျောပါသွားကြောင်း  သိရသဖြင့် ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးဆောင်မှုဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်နှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့သည်  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။  မိသားစုဝင် ၄ ဦးအနက် ၂ ဦးကို သေဆုံးလျက် တွေ့ရှိရပြီး ကျန် ၂ ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)