ကန်ကြီးထောင့်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှု တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှု တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု

 




MNP - အောက်တိုဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ ကွင်းအမှတ်(၁၈၆/c)၊ ဦးပိုင်အမှတ် ၄/စ ရှိတောင်သူ ဦးချစ်ထွေး စိုက်ပျိုးလုပ်ကိုင်သည့် မိုးစပါး (မှော်ဘီ ၂ မျိုး) စိုက်ခင်းတွင် မိုးစပါးရိတ်သိမ်းနေမှုနှင့် ကွင်းယားကြီးကျေးရွာရှိ တောင်သူ ဦးမျိုးမင်း ပိုင်ဆိုင်သော မိုးစပါး (ဆင်းသုခ) စံပြစိုက်ခင်းတွင် မိုးစပါးစံကွက်အား စပါးရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းနေမှုတို့ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိများ လာရောက်ကြည့်ရှုခဲ့ကြသည်။


အဆိုပါစံကွက်ရိတ်သိမ်းရာတွင် တောင်သူ ဦးချစ်ထွေး၏ စပါးစိုက်ခင်းတွင် တစ်ဧကလျှင် စပါးအစိုအထွက် တင်း (၁၀၉)တင်း၊ အခြောက်အထွက်တင်း (၁၀၂)တင်းထွက်ရှိခဲ့ပြီး၊ တောင်သူ ဦးမျိုးမင်း၏ တစ်ဧကတင်း (၁၀၀)ထွက်ရှိရေး စံပြဧက (၁၀၀)စိုက်ခင်းတွင် အစိုအထွက်တင်း (၁၃၃)တင်း၊ အခြောက်အထွက်တင်း (၁၂၄)တင်း ထွက်ရှိကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ကကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီး ကျေးရွာရှိ ရွှေကွင်းသာယာခန်းမ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နေကြာစိုက်ပျိုး တောင်သူများအား တစ်ဧကလျှင်မျိုးနေကြာ (၂)ပြည်နှုန်းပေးအပ်ခဲ့ပြီး တောင်သူများ၏ မေးမြန်းချက်များအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)