သိန္နီမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

 




MNP - အောက်တိုဘာ  ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က သိန္နီမြို့အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူများလုံခြုံမှုရှိစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာပြည်သူများတွေ့ဆုံပွဲအား တစ်လလျှင်(၂)ကြိမ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဧည့်စာရင်းများကို တစ်လလျှင်(၄)ကြိမ်စိစစ် ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးမင်းမင်းသိန်းက ပြည်သူများအနေဖြင့် မိမိလုံခြုံရေးအတွက် အထူးဂရုပြုနေထိုင်ကြရန်၊ လုံခြုံရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီပေးပို့ရန်ပြောကြားခဲ့ပြီး ရဲမှူး ဇော်လင်းမိုးက စစ်ကြောင်းကြီး (၅)ကြောင်းအနေဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူများနှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။


ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသောပြည်သူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ လိုအပ်ချက်များကို တင်ပြခြင်းများဆောင်ရွက်ရာ ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများနှင့် ပြည်သူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)