ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါတွင်းကာလနောက်ဆုံးပတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ရပ်ကွက်ဓမ္မာရုံဘုရားပွဲများနှင့် ဆွမ်းသိမ်းအောင်ပွဲများစည်ကားစွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါတွင်းကာလနောက်ဆုံးပတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ရပ်ကွက်ဓမ္မာရုံဘုရားပွဲများနှင့် ဆွမ်းသိမ်းအောင်ပွဲများစည်ကားစွာကျင်းပ

 



MNP - အောက်တိုဘာ   ၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါတွင်းကာလနောက်ဆုံးပတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့်၊ ယနေ့ နံနက်(၆)နာရီမှစတင်၍ ရပ်ကွက်အလိုက် ဓမ္မာရုံဘုရား ပွဲများနှင့်ဆွမ်းသိမ်းအောင်ပွဲများ ကျင်းပလျက်ရှိပြီး၊ ကျေးရွာများတွင်လည်း ဆွမ်းသိမ်းအောင်ပွဲ ဘုရားပွဲများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့ပေါ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းတွင် ဝတ်ကျောင်းဓမ္မာရုံများဖြင့် ဝါတွင်းကာလ ဆွမ်းလောင်းလှူခြင်းနှင့် သီတင်းကျွတ်ဘုရားပွဲမတိုင်မီ သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ အသံမစဲမဟာပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလေ့ရှိကြပြီး၊ လပြည့်နေ့ နံနက်တွင်မူ ဆွမ်းသိမ်းအောင်ပွဲများအဖြစ် ပင့်သံဃာတော် အရှင်သူမြတ်များအား ဆွမ်း/ ဆွမ်းဟင်းများကို ဝါတွင်းကာလ နောက်ဆုံးပတ်အဖြစ်  ရပ်ကွက်နေ ပြည်သူများက စုပေါင်းလောင်းလှူ ကုသိုလ်ပြုကြကြောင်း သိရသည်။ အလားတူ ကျေးရွာများတွင် မိမိတို့ကျေးရွာအလိုက် ဆွမ်းသိမ်းအောင်ပွဲများ၊ ပဌာန်းအောင်ပွဲများနှင့် ဘိုး ဘွားများတည်ထားကိုးကွယ်ခဲ့သည့် ဘုရားဆွမ်းတော်တင်ပွဲများ အစရှိသည့် ကျေးရွာဘုရားပွဲများကို ကျေးရွာအမျိုးသမီးငယ်များမှ တံခွန်ကုက္ကားကိုင်များဖြင့်လည်းကောင်း၊ ကာလသားလူငယ်များက အတီးအမှုတ်များ၊ အသံချဲ့စက်မှ ခေတ်ပေါ် စတီရီယို အကများဖြင့်လည်းကောင်း စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ကျင်းပလျက်ရှိကြရာ၊ ပုပ္ပားကျေးရွာတွင် ဆုတောင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့် ဆွမ်းလောင်းလှူပွဲကို ကျေးရွာပြည်သူ အလှူရှင်များ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားစွာကျင်းပလျက်ရှိကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)