မိုင်းယုမြို့၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မအခါတော်နေ့)အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မအခါတော်နေ့)အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၉


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အဘိဓမ္မအခါတော်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောဒဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံမှ အလှူရှင်ဒါယိကာ/မများက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်ဟောကြားသည့် တရားဒေသနာတော်များကို တက်ရောက်လာကြသည့် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာအကြီးအဲများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် မိသားစုဝင်များ၊ ဒေသခံအလှူရှင်များက နာကြားခဲ့ကြသည်။


ထို့နောက်  လှူဖွယ်ဝတ္ထုအစုစုတို့အား ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှဝေကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြကြောင်းနှင့် ညနေ ၆ နာရီအချိန်တွင် ယင်းကျောင်းတိုက်အတွင်းရှိ ရွှေပြည်အေးစေတီတော်၌ ဆီးမီးတစ်ထောင်ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)