သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်သွားကြစေလို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်သွားကြစေလို

 




MNP - အောက်တိုဘာ   ၁၃


“ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျှင်ဆောင်ရွက် အားလုံးအတွက်” ဆောင်ပုဒ်ဖြင့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့် အတွေ့အကြုံများကို မှတ်တမ်းပြုစုဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းအချက်အလက်ရယူ၍ ထောက်ပံ့ပေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်/ဆောင်ရန်အချက်များအား ပြည်သူလူထု၊ ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်း၊ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ သင်တန်းများဖွင့်လှစ်၍ သင်ကြားပေးခြင်း နည်းလမ်းများဖြင့် ပြည်သူလူထုထံသို့ အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကြိုတင်ကာကွယ်ရေးအနေဖြင့်  ပြည်နယ်အတွင်းဘက်စုံသုံးမုန်တိုင်းဒဏ်ခံ အဆောက်အဦ(Cyclone Shelter) (၅)လုံးကိုတည်ဆောက်ပြီး သဘာဝဘေးကျရောက်ချိန်တွင် ယာယီခိုလှုံရာ နေရာများအဖြစ်အသုံးပြုလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများကို Video Clip ဖြင့် ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ဆောင်ပုဒ်ဖြစ်သည့် “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက် (Early Warning and Early Action For All)” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့်နံရံကပ်ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုပြဘုတ်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)