ဝေါမြို့နယ်၌ လျှပ်စစ်မီတာပုံး ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ လျှပ်စစ်မီတာပုံး ရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

MNP - အောက်တိုဘာ   ၇


ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ဝေါမြို့နယ်  ချမ်းမြသာစည်ရပ်ကွက်၊  မင်းလမ်း(ရန်ကုန် -မော်လမြိုင်)ကားလမ်းမကြီးဘေးရှိ ယူနိုက်တက်ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်တွင် ယနေ့နံနက် ၇နာရီအချိန်ခန့်က လျှပ်စစ်မီတာပုံးရှော့ဖြစ်ကာ  အပူလွန်ကဲရာမှတစ်ဆင့် စတင်မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။


အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့      ဝေါမြို့နယ်မီးသက်ဦးဌာနမှ ဦးစီးမှူးဦးသိန်းထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့်  ဆိုင်အတွင်းရှိ မီတာပုံးနှင့် ဆိုင်ကယ်အပိုပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိပါကြောင်း သိရသည်။


သတင်း - စိုးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)