မော်လမြိုင်ကျွန်းမြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်






MNP ၊ အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင်အပတ်စဉ် စနေ နေ့တိုင်း ပြုလုပ်ဆောင်ရွက်လျက်ရှိသော   မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ခြင်းကို ယနေ့အောက်တိုဘာ(၁)ရက်နံနက် (၆)နာရီအချိန်ကမြို့နယ်ရှိကုတင်(၁၀၀) ပြည်သူ့ဆေးရုံဝန်းအားသန့်ရှင်းရေးလုပ် ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ရှိ ဌာနဆိုင်ရာအဖွဲ့အသီးသီးကဝန်ထမ်းများသည်သန့်ရှင်းရေးပြုလုပ်ရန်   သတ်မှတ်နေရာများတွင်ဌာနအလိုက်ပြု လုပ်ဆောင်ရွက်ကြရာ စုစုပေါင်းဝန်ထမ်းအင်အား(၂၀၀)ခန့်က မော်လမြိုင်ကျွန်းမြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံးဝန်းအတွင်းရှိ မြက်ပင်များ၊ခြုံနွယ်များကိုခုတ် ထွင်ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း၊လမ်းဘေး ဝဲ၊ယာရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးလုပ် ငန်းများကို ပြုလုပ်ဆောင်ရွက်ကြသည်။


ယင်းသို့ ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအသီး သီးမှအမှု့ဆောင်အရာရှိများ၊ ဦးစီးမှူးများ က ကြည့်ရူ့စစ်ဆေးပြီး မြို့နယ်အတွင်း သန့်ရှင်း သာယာလှပရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့နည်းပပျောက်စေရေးနှင့်  ရောဂါပိုးမွှားကင်းစင်စေရေးအတွက်  စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)