ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများပေးအပ်


MNP ၊ အောက်တိုဘာ ၁၅

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်မြို့၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျရှိရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်ရေး၊ သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များနှင့်  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အမြဲမပြတ်ဆောင်ရွက် ထားရှိရန်၊ ဝန်ထမ်းများ ၊ မိသားစုဝင်များနှင့် ပြစ်မှုကျခံနေသူများ အားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ရက်များတွင် အကြိမ်ပြည့်ထိုးနှံရန်  မှာကြားခဲ့ပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားကုန်များဖြစ်သော ဆန် ၊ ဆီ နှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင် မှုဖြင့် မြို့နာမ်စေတီတော် ပရဝုဏ်အတွင်း ရာသီဥတုနှင့် သဘာဝဘေးများကြောင့် ပြုပြင် မွမ်းမံရန် လိုအပ်နေသော နေရာများ ၊ အကာအရံ အုတ်တံတိုင်းများ ၊ ဘုရားဖူးလာပြည်သူများ အသုံးပြုသည့် ကြွေပြားခင်း လျှောက်လမ်းနေရာများ ပြုပြင်မွမ်းမံနေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေရှည်ကိုမျှော်မှန်းပြီး ပြုပြင်မွမ်းမံ ဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)