ဂွမြို့နယ်အတွင်းရှိအသက်(၁၈)နှစ်အထက်နှင့် အသက်(၁၈)နှစ်အထိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်အတွင်းရှိအသက်(၁၈)နှစ်အထက်နှင့် အသက်(၁၈)နှစ်အထိ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိ


MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်နှင့် အသက်(၁၈)နှစ်အထိဦးတည်အုပ်စုပြည်သူများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စုရပ်များတွင် နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ 


ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ် -၁၉ရောဂါ  ကာကွယ်ဆေး Myancopharm Booster Doses အား ပြည်သူ (၂၉)ဦးကလည်းကောင်း၊ အသက်(၁၈)နှစ်အထိပြည်သူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး Sinpharm ပထမအကြိမ်အား ပြည်သူ(၇)ဦးတို့က လည်းကောင်း အသီးသီး လာရောက် ထိုးနှံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)