ကော့သောင်းခရိုင်နှင့် မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းခရိုင်နှင့် မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကျင်းပ



MNP - အောက်တိုဘာ  ၃၀


ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ကော့သောင်းခရိုင် နှင့် မြို့နယ် ဝန်ထမ်းပေါင်းစုံ (၂၈)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူတော်အား ယနေ့ နံနက် ၉ နာရီက၊ ပြည်တော်အေးစေတီတော်၊ သာသနာ့ဗိမ္မာန်တော်တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။


ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်ပွဲတွင်လှူဒါန်းမည့် ပဒေသာပင်များအား ကော့သောင်းမြို့ သီရိမြိုင်ရင်ပြင်မှစတင်၍ မော်တော်ယဉ်များဖြင့် မြို့တွင်းသို့လှည့်လည်အပူဇော်ခံကာ ကထိန် အလှူတော် အခမ်းအနားအား သာသနာ့ဗိမ္မာန် တော်တွင် ဆက်လက်ကျင်းပရာ တက်ရောက် လာသည့် ဆရာတော်သံဃာတော်ကြီးများ၊ ဧည့်ပရိတ်သတ်များက နမောတသ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကာ ဆရာတော်သံဃာတော်များထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြ၍ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက သံဃာတော်များအား ကထိန်မြတ်သင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု အတွက်   ရေစက်သွန်းချ  အမျှအတမ်းပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းလိုက်သည်။


ယင်းနောက် ဆရာတော်သံဃာတော်ကြီးများအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ဌာနပေါင်းစုံ ဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များ လှူဒါန်းခဲ့ကြသည့် ငွေပဒေသာပင်များအား ကော့သောင်းမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများကိုမဲဖေါက် ဆက်ကပ်လှူဒါန်းကြသည်။


အဆိုပါ ကော့သောင်းခရိုင်နှင့်မြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်  အလှူတော် မင်္ဂလာပွဲတွင် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ကြသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ အပါအဝင်လှူဒါန်းငွေ စုစုပေါင်း ကျပ်(၃၄၁၃၂၈၀၀) တန်ဖိုးရှိ ငွေပဒေသာပင်(၅၄)ပင်အား ကော့သောင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၉၆) ကျောင်းသို့ မဲဖေါက်လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)