ကြို့ပင်ကောက်မြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်


 

MNP - အောက်တိုဘာ ၂၉


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအသိ ပညာဗသုသုတများ တိုးပွား‌လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။


မူလတန်းလွန် လက်ပံပင်စုကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ဆက် ဦးစီးမှူး ဒေါ်ဝင်းလေးက ကလေးငယ်များကို အတန်းပညာသာမက ပြင်ပဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှု့စေလိုကြောင်း ပြောကြားပြီး စာဖတ်ခြင်းသည် မိမိကိုယ်သာမက မိမိ၏မိသားစုဘဝကိုလည်းများစွာပြောင်းလဲနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်းက ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် စက္ကူပြဇတ်ဖြင့်ပုံပြောခြင်း ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြား သည်။


အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် လက်ပံပင်စု မူလတန်းလွန်ကျောင်းရှိ ကျောင်းသား ကျောင်းသူ(၁၅၀)ကျော်အား သုတ ရသ ရုပ်ပြ မဂ္ဂဇင်း စာစောင်များကိုဖတ်ရှု့စေခြင်းအပြင် လူကုန်းကူးမူနှင့် သဘာဝဘေး အန္တရာယ်သိကောင်းစရာ စာဖတ်ရှိန်မြှင့်တင်ရေး စသည့်နံရံကပ်စာ‌စောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့သည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)