ဘားအံမြို့နယ် ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးခုံးမကြီးကောင်ရေ တစ်သိန်းငါးသောင်း မျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ် ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးခုံးမကြီးကောင်ရေ တစ်သိန်းငါးသောင်း မျိုးစိုက်ထည့်

 



MNP - အောက်တိုဘာ   ၇


ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းငါးသယံဇာတပေါကြွယ်ဝ၍ ငါးစားသုံးမှုဖူလုံပိုလျှံစေရေးအတွက် သဘာဝရေပြင် မြစ်ချောင်းအင်းအိုင်များအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ခလောက်ထောင် ရေလျှံကွင်းအတွင်းသို့  ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။


ထိုသို့ ငါးမျိုးစိုက်ထည့်ပေးရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော တစ်လက်မအောက်ခံ အရွယ်ရှိ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ တစ်သိန်းငါးသောင်းကျော်အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။


ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေတစ်ဆယ့်နှစ်သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါငါးသားပေါက်ကောင်ရေ တစ်ဆယ်သိန်းငါးသောင်းခန့်အား ငါးမျိုးစိုက်ထည့် ပြီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)