ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ဆင်မကြီးမိုမို၏(၆၉)နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ဆင်မကြီးမိုမို၏(၆၉)နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ဆင်မကြီးမိုမို၏ (၆၉)နှစ်မြောက်မွေးနေ့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉:၃၀ နာရီက ဆင်အပေါင်းအပါများနှင့်အတူ မွေးနေ့သစ်သီးကိတ်ခွဲခြင်းကို ကျင်းပပြုလုပ်ခဲ့သည်။


ဆင်မကြီးမိုမိုသည် ရန်ကုန်တိစ္ဆာန်ဥယျာဉ်သို့  ၁၉၆၁ ခုနှစ်၊ အသက်(၈)နှစ်အရွယ်ခန့်တွင် စတင်ရောက်ရှိလာပြီး တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူများအား အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ပါသည်။


ဆင်မကြီးမိုမို၏(၆၉)နှစ်မြောက်မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် တေးဂီတဖျော်ဖြေပွဲများကျင်းပခြင်း၊ မျက်လှည့်ပြပွဲများ၊ ဓါတ်ပုံပြပွဲများကျင်းပခြင်း၊ မြန်မာရိုးရာအကအလှများကပြခြင်း၊ ရုပ်သေးအလှပြခြင်း၊ မျက်လှည့်ပြကွက်များပြသခြင်း၊ တိရစ္ဆာန်လေးများနှင့်အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းနှင့် ကလေးများအတွက် ပျော်ပွဲရွှင်ပွဲအခမ်းအနားများကို အောက်တိုဘာလ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စန္ဒာမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)