မိုင်းယန်းမြို့၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - အောက်တိုဘာ   ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့နယ်တွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ညွှန်ကြားချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အိမ်ထောင်စုလူဦးရေးစာရင်း (ပုံစံ-၆၆/၆) ရေးသွင်းခြင်းစာရင်း ဇယားမှန်ကန်စေရေးနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မိုင်းယန်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ညွှန်ကြားချက်များအတိုင်း   ဆောင်ရွက်ရမည့်  လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု စသည်တို့ကို ဆွေးနွေးပြောကြားကြကြောင်း သိရသည်။


ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)