MNP - အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်းကိုင်းခုံများတွင် ဆောင်းနေကြာစိုက်ပျိုးရေးကို တောင်သူများနှင့်ယမန်နေ့နေ့လယ်ပိုင်းက ပဲကြီစခန်း၌တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်သူရကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိဒေါ်အေးအေးသင်းက သူရဲတန်းကိုင်းခုံများတွင် ဆောင်းနေကြာစိုက်ပျိုးရေးကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများနှင့်စိတ်ပါဝင်စားသောတောင်သူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment