တိုက်ကြီးမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် လူသွားလမ်းနှင့် နေအိမ်များပေါ်သို့ သစ်ပင်များလဲကျမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် လူသွားလမ်းနှင့် နေအိမ်များပေါ်သို့ သစ်ပင်များလဲကျမှုဖြစ်ပွား



MNP - အောက်တိုဘာ   ၁၆


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းမှစ၍ မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် လူသွားလမ်းနှင့် နေအိမ်များပေါ်သို့ သစ်ပင်များလဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဘူတာရပ်ကွက် ဘူတာလမ်းတွင် ည ၇ နာရီခွဲခန့်က (၁၀)ပေပတ်လည် ဆိုင်ခန်း (၂)ခန်း နှင့် (၁၅ x ၃၀)ပေ နေအိမ် (၂) အိမ်ပေါ်သို့ လုံးပတ် ၂၀ ၊ အရှည် ၆၀ ပေခန့်ရှိ ကုက္ကိုပင်ပင်၊ ည ၈ နာရီခွဲခန့်က ဘူတာရပ်ကွက် ရထားလမ်း ၃ လမ်းသွား မိုင်တိုင်အမှတ် (၁၄. ၁၅ / ၁၆) တွင် လုံးပတ် (၄) ပေခွဲ၊ အရှည် (၆၀) ပေခန့်ရှိ ကုက္ကိုပင်၊ ည ၈ နာရီခွဲခန့်က ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက် ရန်ကုန်-ပြည် လမ်းမိုင်တိုင်အမှတ် (၆၇)မိုင် (၅) ဖာလုံတွင် ကုက္ကိုပင်နှင့် အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ရှမ်းစုရပ်ကွက် ဝန်ထမ်းကွက်သစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လုံးပတ် ၃ ပေခန့်၊ အမြင့် ၃၅ ပေခန့်ရှိ ပိတောက်ပင်များ လဲပြိုမှုဖြစ်ပွားခဲ့ရာ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ဉီးစီးအရာရှိ ဉီးဇော်ချစ်ထက်၊ ဥက္ကံမြို့နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးတေဇာလင်းတို့ ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ခုတ်ထွင် ရှင်းလင်းပေးခဲ့ကြကြောင်း၊ သစ်ပင်များလဲပြိုကျသည့်အတွက် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ သိရသည်။


သတင်း - စန်းကလျာခိုင် 


မြန်မာနရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)