သာပေါင်းမြို့နယ်၌ လေဘေးသင့် နေအိမ်ပြို (၅)လုံး၊ အမိုးလန်(၃)လုံးတို့ရှိ မိသားစုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်၌ လေဘေးသင့် နေအိမ်ပြို (၅)လုံး၊ အမိုးလန်(၃)လုံးတို့ရှိ မိသားစုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

 


MNP - အောက်တိုဘာ   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကျေးရွာ၌ အောက်တိုဘာလ ၁၀ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၁၀၅၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)၊ စုစုပေါင်းရန်ုပုံငွေ (၁၁၀၅၀၀)၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာနှင့် ဒည်ကုန်း‌ကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်း‌ကျေးရွာတို့၌ အောက်တိုဘာလ ၁၅ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၅၆၇၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၅၀၀၀၀)၊ စုစုပေါင်းရန်ုပုံငွေ (၆၀၆၇၀၀)တို့ကို အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်တွင် သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)