လက်ပံတန်း မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်း မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ



MNP - အောက်တိုဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ဂွေးတောက်ကွင်း ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၁၅၈)၊ ဦးပိုင်အမှတ် (၆၀/၂) တောင်သူဦးတင်ဝင်း၏ မိုးစပါးစိုက်ပျိုးလယ်မြေ စပါးစံပြကွက်တွင် ကျင်းပခဲ့သည်။


မိုးစပါးရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် ဂွေးတောက်ကွင်းကျေးရွာအုပ်စု တောင်သူဦးတင်ဝင်း၏ GW-11 မျိုး မိုးစပါးစံပြကွက်  ရိတ်သိမ်းကြရာ တစ်ဧကအထွက်နှုန်း ၁၁၅ တင်းနှုန်းထွက် ရှိကြောင်း သိရသည်။



မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)