မင်းတုန်းမြို့၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပ

 


MNP - အောက်တိုဘာ ၁၅


မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် မင်းတုန်းမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းသားကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြေ ကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒေါ်စောနန်းနွယ်မှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းသို့ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၃၃)ဦး တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)