ချောင်းဦးမြို့၌ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့၌ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပ

 



MNP - အောက်တိုဘာ  ၂၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်းနေကြာစိုက် တောင်သူများအား ဖိတ်ကြား၍ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်မှ လယ်ယာမြေနှင့် ပတ်သက်ပြီး သိကောင်းစရာများ ဆွေးနွေးခဲ့သည်။  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ဆောင်းနေကြာ ရာထားစိုက်ဧက ပြည့်မီကျော်လွန်ရန်၊ တောင်သူများ အလွယ်တကူ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်၊ မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ရရှိစေရန်၊ တောင်သူများ အထွက်နှုန်းတိုးပြီး တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန်၊ ပြည်တွင်းစားသုံးဆီဖူလုံစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နည်းပညာပေးသင်တန်းသို့ တက်ရောက်လာသည့် ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၁၀၈ ဦးအား တာဝန်ရှိသူများမှ ရေဆင်းစပ်မျိုး၁ နေကြာမျိုးစေ့အိတ်များ ဖြန့်ဖြူးပေးအပ်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ လယ်ယာမြေ စီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျေးရွာအုပ်စု ၅အုပ်စုမှ သင်တန်းသား ၁၀၈ ဦး တက်ရောက်ခဲ့သည်။ ချောင်းဦးမြို့နယ် အနေဖြင့် ဆောင်းနေကြာ စိုက်ပျိုးရန် ၂၆၃၁ ဧက ရာထားကြောင်း၊ သီးထပ်အဖြစ် သီးသန့်စိုက်ပျိုးသူများရှိသကဲ့သို့ ကုလားပဲနှင့် ဂျုံစိုက်ခင်းများအတွင်း သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ ရာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနည်းပညာပေးသင်တန်းတွင် မြို့နယ်ဦးစီးမှူးမှ ဆောင်းနေကြာပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာ၊ EM ဖျော်ရည်၏ အကျိုးကျေးဇူး၊ အသုံးပြုပုံ၊ တောင်သူတွေ ကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်သည့် သဘာဝပိုးသတ်ဆေး၊ အပင်အားဆေးပြုလုပ်နည်းများ ပို့ချခဲ့ကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာခိုင်မှ မြေသြဇာကို အကျိုးရှိရှိ သုံးစွဲနည်း ပို့ချခဲ့ကြောင်း၊ နေကြာမျိုးကောင်း မျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး၁ နေကြာမျိုးစေ့အိတ်များ တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရှိရပါသည်။


သတင်း - ဝင်းမြင့်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)