ပေါက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး



MNP - အောက်တိုဘာ   ၈


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေးအဆင် ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပေါက်-ပခုက္ကူကားလမ်းမကြီး ဘေး၌ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည်။


အဆိုပါ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးနေဇော်နှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုအဆင်ပြေစေရန်အတွက် မနောသုခဆန်တစ်ပြည်လျှင် ၁၉၀၀/-ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၀၀၀/-ကျပ်နှုန်း၊ ကြက်ဥတစ်လုံးလျှင် ၁၆၀/- ကျပ် နှုန်းတို့ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချခဲ့ရာ ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာစွာ ဝယ်ယူခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုရွှေယော


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)