မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်လံမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင် ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်လံမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင် ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ




MNP - အောက်တိုဘာ  ၃၀


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်လံမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံခရိုင် အောင်လံမြို့နယ် ပြလို့မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမဲစာရင်းတွင် ကိုင်ဆောင်လက်မှတ်နံပါတ်မရှိဘဲ အမည်စာရင်းပါနေသူ (၄.၈)သန်းရှိခဲ့ကြောင်း စာရင်းထုတ်ပြန်ချက်အရသိရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ မဲပေးပိုင်ခွင့်ရှိတဲ့ အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းလက်ဝယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန်လိုအပ်သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ကို တစ်နိုင်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကျောင်းသား / ကျောင်းသူ(၂၈၀)ဦး၊ ရွာထောင်ရပ်ကွက်မှပြည်သူ(၆၆)ဦး၊ အုပ်ရှစ်ကုန်းကျေးရွာအုပ်စုမှ ပြည်သူ (၁၂၁)ဦး၊ ကျွဲသေကျေးရွာ အုပ်စုမှ ပြည်သူ(၁၄)ဦး၊ ညောင်ပင်စိတ်ကျေးရွာအုပ်စုမှပြည်သူ(၃၇)ဦး၊ ညောင်ပင်ဝိုင်း ကျေးရွာအုပ်စုမှပြည်သူ(၄၂)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူနှင့် ပြည်သူ (၅၆၀)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခဲ့ပြီး အားကစားဆက်စပ်ပစ္စည်းများကို အ-ထ-က(ပြလို့)ကျောင်းမှ တာဝန်ရှိသူတစ်ဦးထံသို့ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဦးချစ်လွင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် ပြလို့မြို့ပြလို့ အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း အဆောက်အဦတည်ဆောက်မည့်အခြေအနေအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြပြီး အဆောက်အဦဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)