ပွင့်ဖြူမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်



MNP - အောက်တိုဘာ  ၁၈


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပခဲ့သည်။


ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မိုးရာသီကာလ မြစ်ရေကြီးမှုကြောင့် ကမ်းပြိုကျမှုအန္တရာယ်အပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက်ကြိုတင်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြု လုပ်ကိုင်ကြရန် လိုအပ်ကြောင်းနှင့် နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်နှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်သတင်းပေးပို့၍ လိုအပ်သော အကူအညီများ ရယူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။


ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် ဇီးကျွန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ထူးကျေးရွာနှင့် ငှက်တောကုန်းကျေးရွာတို့မှ အိမ်ထောင်စု ၂၀ အတွက် အိမ်ထောင်စုတစ်စုလျှင် လူနေအိမ်ပြောင်းရွှေ့စရိတ် ငွေကျပ်တစ်သိန်းနှုန်းနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် ၈၄ ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုး ငွေကျပ် ၁၇၆၄၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁၇၆၄၀၀ အား တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)