မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ပညာသင်နှစ် အဝေးသင်သင်တန်းကျောင်းသား ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ပညာသင်နှစ် အဝေးသင်သင်တန်းကျောင်းသား ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ   ၁၆


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ ပညာသင်နှစ် အဝေးသင်သင်တန်းကျောင်းသားကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြန်မာစာ ပါမောက္ခဌာနမှူး ဒေါက်တာရွှေစင်အောင်က အာစရိယပူဇော်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်နှင့် ဆရာဆရာမများအား ကျောင်းသားကျောင်းသူများက ဆီမီးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ပစ္စည်းများဖြင့် ဆက်လက်ကန်တော့ခဲ့ကြသည်။ ၎င်းနောက် ဒုတိယနှစ် အဝေးသင်ကျောင်းသားကိုယ်စားလှယ် မောင်ထူးအောင်နှင့် ပထမနှစ် အဝေးသင်ကျောင်းသားကိုယ်စားလှယ် မောင်ကောင်းထက်မိုးတို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အဝေသင်တက္ကသိုလ် ကျောင်းသားကျောင်းသူများက သီချင်းများ၊ အကများဖြင့် ဖြေဖျော်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ၂၀၂၂ ပညာသင်နှစ် အဝေးသင် သင်တန်းကျောင်းသားကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)