MNP ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်၁၀နာရီက မြို့မစည်ပင်သာယာဈေးအတွင်း၌ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အင်ဂျင်နီယာဒေါ်မြင့်မြင့်မိုးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီအဖွဲ့ဝင်များက ဈေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးထား ရှိ/မရှိ၊ မီးကပ်၊ မီးချိတ်၊ သဲအိတ်၊ ရေအိတ်ထား ရှိ/မရှိတို့ကို စစ်ဆေးပြီး မီးဘေးအန္တရာယ်ဖြစ်ပွားပါက ပြုလုပ်ရမည့် အကြောင်းအရာများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment