အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်

20


MNP - အောက်တိုဘာ  ၁၄


အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးမြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အချိန်ကာလတွင် ရာသီဥတုဖြစ်စဉ်များ ပြောင်းလဲလာသည်နှင့်အမျှ သဘာဝဘေးအန္တရာယ်များကို ကမ္ဘာတစ်ဝှမ်းလုံးခံစားနေကြရပြီး မိမိတို့မြန်မာနိုင်ငံတွင်လည်း အားလုံးနည်းတူ ခံစားနေရပါကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တောများပြုန်းတီးခြင်းနှင့်သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းများအပြင် လူသားတို့၏ ပယောဂများကြောင့် ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပြီး ထိခိုက်မှုများသည်လည်း အရင်းအနှီးကြီးမားပြီး ရေရှည်ထိခိုက်မှုရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှ နှစ်စဉ်အောက်တိုဘာလ(၁၃)ရက်နေ့အား အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ရ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်ဆောင်ပုဒ်မှာ “ကြိုတင် သတိပေးထုတ်ပြန်ချက်၊ စောလျင်ဆောင်ရွက်အားလုံးအတွက်” ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများဆောင်ရွက်နိုင်ရန် ဗဟိုအဆင့်မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ် အဆင့်ဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သဘာဝဘေးစီမံခန့်ခွဲရေးလုပ်ငန်းများအား သက်ဆိုင်ရာ၊ ဌာနအဖွဲ့အစည်းများသာမက ပြည်သူလူထုတစ်ရပ်လုံး ကပါ နားလည်းသဘောပေါက်လက်ခံပြီး ပူးပေါင်းဆောင်ရွက်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများအား ပိုမိုတိုးမြှင့် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်နှင့် Head of UNDRR မှ Ms. Mami Mizutori ၏ သတင်းစကား ဗီဒီယိုကလစ်အား ပြသခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တာဝန်ရှိသူမျာနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းတွင် ပြသထားသည့် သဘာဝဘေးအန္တရာယ်များ ပြည်သူများသိရှိနိုင်ရေး အသိပေးနှိုးဆော်မှု၊ သဘာဝဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်နေမှု မှတ်တမ်းဓာတ်ပုံများ အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages