မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်နည်းပညာ တက္ကသိုလ်၊ ရွှေဇီဝသဘာဝမြေဩဇာ စက်ရုံတွင် သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်နည်းပညာ တက္ကသိုလ်၊ ရွှေဇီဝသဘာဝမြေဩဇာ စက်ရုံတွင် သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှုအားပေး









MNP ၊ အောက်တိုဘာ ၂၇

မွန်ပြည်နယ်အတွင်း တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်နှင့်သဘာဝမြေဩဇာရရှိရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးတို့ကို ဦးစားပေး ကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ၂၀၂၂ ခုနှစ်၊ ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်နည်းပညာ တက္ကသိုလ်၊ ရွှေဇီဝသဘာဝမြေဩဇာ စက်ရုံသို့ရောက်ရှိ၍ ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စပါး၊ ဆီထွက်သီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာ စသည့်စိုက်ပျိုးရေး ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝမြေဩဇာသည် မြေဆီမြေနှစ်၊ အထွက်နှုန်းပိုမို ကောင်းမွန်စေကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မြေဩဇာကို အရည်သွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်၍ ဒေသခံတောင်သူများကိုဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချ ပေးစေလိုကြောင်း၊ သဘာဝမြေဩဇာကို နည်းစနစ်မှန်ကန်စွာ အသုံးပြု စိုက်ပျိုးခြင်းကို အားပေးရန်နှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက်ဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ရွှေဇီဝသဘာဝမြေဩဇာ စက်ရုံတာဝန်ခံဒေါက်တာခင်ဆွေအေးမှ သဘာဝမြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ တောင်သူများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး ပညာပေးလုပ်ငန်းများ၊ ဈေးကွက်သို့ တင်ပို့ရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှု ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေနှင့် ပတ်သက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)