ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ မျက်စိပိတ် နားပိတ် ငြင်းဆိုနေ၍မရ၊ ထိရောက်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ မျက်စိပိတ် နားပိတ် ငြင်းဆိုနေ၍မရ၊ ထိရောက်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား



MNP ၊ အောက်တိုဘာ ၁

KNPP နှင့် အမည်ခံ အကြမ်းဖက်သမားများက အရပ်ဖက်လေယာဉ်တစ်စီးအား ရက်စက် ရိုင်းစိုင်းယုတ်မာစွာဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် KNPP အကြမ်းဖက် သောင်းကျန်းသူများအဖွဲ့က ငြင်းဆိုနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မျက်စိပိတ် နားပိတ် ငြင်းဆိုနေ၍မရ၊ ထိရောက်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်း က "သူတို့ကတော့ အကြမ်းဖက်အဖွဲ့တွေပီပီ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမှာမဟုတ်ပါဘူး။ မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ပထမဆုံး ဦးဆုံး အဲ့ဒီဘက်မှာဖြစ်ခဲ့တဲ့ အချို့သော သမိုင်းကြောင်းလေးတွေကို ကြည့်ရင်တောင် သိသာပါတယ်။ ဒီ KNPP နဲ့ PDF အကြမ်းဖက် သောင်းကျန်းသူတွေက ယခင်တုန်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုပြီး လွိုင်ကော်မြို့ထဲမှာ တိုက်ပွဲတွေ ဖန်တီးခဲ့တဲ့အတွက် ပြည်သူလူထု အမြောက်အမြားလည်း မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ သူ့အရပ်နဲ့သူ နေနိုင်ခဲ့ပြီးဖြစ်တယ်။ လွိုင်ကော်မြို့ ဘေးပတ်ဝန်းကျင်နေရာတွေ၊ တချို့သော ရွာတွေမှာတော့ သူတို့တွေ ဝင်ထွက်သွားလာနေတာတွေရှိတယ်။ ဒါ့အပြင် လွိုင်ကော်လေဆိပ်ကို ယခင်တုန်းကလည်း ၁၀၇ မမ ဒုံးနဲ့ ပစ်ခတ်ခံခဲ့ရတာရှိတယ်။ သူတို့ကိုယ်တိုင်လည်း ထုတ်ပြန်ခဲ့တယ်။ သူတို့ ပစ်ခတ်ခဲ့တယ်ဆိုပြီး ကြေညာချက် ထုတ်ထားတာတွေရှိတယ်။ ခရီးသည်တင် လေယာဉ်ကို ပစ်ခတ်တယ်ဆိုတာ နိုင်ငံတကာမှာ ဘယ်နိုင်ငံကမှ၊ ဘယ်အဖွဲ့အစည်းကမှ လက်မခံတဲ့ ကြီးမားတဲ့ ရာဇဝတ်မှုမျိုးဖြစ်တဲ့အတွက် သူတို့အနေနဲ့ ငြင်းဆိုနေတာဖြစ်တယ်။" ဟု ပြောကြားထားသည်။


ကျွန်တော်တို့အနေနဲ့ ပြောလိုတာကတော့ ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ ဒီလိုပြောပြီးတဲ့အခါမှာလည်း သူတို့ကိုယ်သူတို့ ကြီးမားတဲ့ ရာဇဝတ်မှုကြီး ကျူးလွန်ထားတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ဖုံးကွယ်နေတာ ဖြစ်ကြောင်း၊ ပြောချင်တာက သူတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း ပြောကြားထားသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်း က "စုံစမ်းစစ်ဆေးမှု ပြုရမယ်။ စုံစမ်းစစ်ဆေးမှု မပြုဘဲနဲ့ ဒါမျိုးမျက်စိပိတ်၊ နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူး။ သူတို့ရဲ့ အောက်ခြေမှာရှိတဲ့ တပ်တွေ၊ သူတို့ထိန်းကွပ်ထားတဲ့၊ သူတို့အကြမ်းဖက်ပညာ သင်ပေးထားတဲ့ PDF ဆိုတဲ့ကောင်တွေ၊ ဒါတွေလုပ်ခဲ့ မလုပ်ခဲ့ဆိုတာတွေကို သူတို့အနေနဲ့ စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးမှ ပြောလို့ရမယ်။ စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ သိထားသမျှ၊ ရှိထားသမျှ အချက်အလက်တွေကတော့ ဒီလုပ်ရပ်ကို KNPP နဲ့ PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့တွေမှအပ ကျန်တဲ့လူ လုပ်စရာ အကြောင်းမရှိဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်။ စုံစမ်းစစ်ဆေးမှု လုပ်ရမယ်။ မျက်စိပိတ်၊ နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူးလို့ ပြောချင်ပါတယ်။" ဟု ပြောကြားထားသည်။


ယမန်နေ့က မြန်မာ့အမျိုးသားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကို လွိုင်ကော်လေယာဉ်ကွင်း ဆင်းသက်ရန် ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက ချောင်းမြောင်းပစ်ခတ်ခဲ့ရာ လေယာဉ်ဝမ်းဗိုက်ဖောက်ပြီး ခရီးသည်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီးနောက် အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုနေခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)