ကန့်ဘလူမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧကထက် ၇၀၀၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧကထက် ၇၀၀၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့

 


MNP - အောက်တိုဘာ   ၁၄


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၁၄၅၁၁၅ ဧကစိုက်ပျိုးရန်လျာထားခဲ့ရာ ယခု ၁၅၂၁၁၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၇၀၀၁ ဧကကျော်လွန် စိုက်ပျိုးနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၄ ဒသမ ၈၂ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဇော်ထံမှ သိရသည်။


ထိုသို့မိုးစပါးစိုက်ပျိုးခဲ့ရာတွင် ဆည်ရေ၊ မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ၊ ချောင်းပိတ်မြောင်းပိတ်၊ လျှပ်စစ်ရေတင်နှင့် မိုးကောင်းသောက်စနစ်တို့ဖြင့် စိုက်ပျိုးခဲ့ပြီး မိုးစပါးမျိုးများအနေဖြင့် ဆင်းသုခ၊ ဧရာမင်း၊ ပေါ်ဆန်းရင်၊ ရွှေသွယ်ရင်နှင့်မနောသုခ မျိုးများကိုစိုက်ပျိုးခဲ့ရာ ကန့်ဘလူမြို့နယ် ဒေသခံတောင်သူများသည် အဆိုပါမျိုးများအနက် ဧရာမင်းနှင့်မနောသုခ မျိုးများကို ပိုမိုစိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်ကပြောသည်။


ကန့်ဘလူမြိူ့နယ်၌ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသရေ မြေနှင့်ကိုက်ညီသော မျိုးများအလိုက် စိုက်ပျိုးနိုင်ခဲ့သောဧကများမှာ ဆင်းသုခ ၂၆၄၈ ဧက၊ ဧရာမင်း ၁၀၁၁၄၈ ဧက၊ ပေါ်ဆန်းရင် ၁၅၃၇၆ ဧက၊ ရွှေသွယ်ရင် ၃၅၉၇ ဧကနှင့် မနောသုခ ၂၉၃၄၇ ဧက စုစုပေါင်း ၁၅၂၁၁၆ ဧက စိုက်ပျိုးနိုင်ခဒ့ကြောင်း သိရသည်။


မိုးစပါးများအထွက်နှုန်းတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်နှင့်ဝန် ထမ်းများ၊ ကွင်းဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာအုပ်စုများအလိုက် ကွင်းဆင်း၍ ပျိုးသက်နုကောက်ကွက် ကြဲစနစ်ဖြင့် စိုက်ပျိုးစေခြင်း၊ ပျိုးပေါင်စနစ်ဖြင့် စိုက်ပျိုးစေခြင်း၊ မျိုးစေ့ချကိရိယာဖြင့် အတန်းလိုက်စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများကို အချိုးချစွာစနစ်တကျ အသုံးပြုစေရေး၊ သဘာဝပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ် သုံးစွဲရေးတို့ကို တောင်သူများသိရှိပြီး လက်တွေ့အသုံးချနိုင်ရေး တို့အတွက်  ကွင်းဆင်းပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးများ တိုးတက်လာစေရေးနှင့် မျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး စပါးအထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးနည်းပညာများကို ပံပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)