မင်းတုန်းမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင် မဲရုံတည်နေရာသတ်မှတ်ခြင်းနှင့် မဲရုံအရေအတွက် သတ်မှတ်နိုင်ရေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင် မဲရုံတည်နေရာသတ်မှတ်ခြင်းနှင့် မဲရုံအရေအတွက် သတ်မှတ်နိုင်ရေးဆွေးနွေး

 



MNP - အောက်တိုဘာ   ၇


မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အထွေထွေ‌ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ မဲရုံတည်နေရာသတ်မှတ်ခြင်းနှင့် မဲရုံအရေအတွက် သတ်မှတ်နိုင်ရေးဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုသက်နှင်းဝေက လဝက ပုံစံ ၆၆/၆ လူဦးရေစာရင်းနှင့် ပြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးပြီးစီးမှု အခြေအနေအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ မဲပေးခွင့်ရှိသူ လူဦးရေ(၄၈၁၄၂)ဦး ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)