ပေါင် အောက်တိုဘာလ ၁၃
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ်လာဈေးတွင် မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဈေး၌ စစ်ဆေးမှုပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှုး ဦးမြတ်ကိုကို၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်လျှပ်စစ် ရုံးမှတာဝန်ရှိသူများ အင်အား (၁၇)ဦးဖြင့် မဂ်လာဈေးအတွင်းရှိ ဆိုင်ခန်းများအတွင်း ဝါယာကြိုးများ၊မီးခလုပ်များ ပျက်ဆီးနေမှု ရှိ/မရှိ စသည်များ မီးသတ်ဆေးဗူးများ သုံးစွဲမှုရရှိနိုင်မှုရှိ/မရှိ ၊အသုံးပြု၍မရရှိသော မီးသတ်ဆေးဗူးများအား ပြန်လည် ဖြည့်ဆည်းဆောင်ထားကြရန် လိုအပ်သော မီးကပ်၊မီးချိတ်၊ရေပုံးများကိုလည်း အချိန်မီထားရှိကြရန်လိုအပ်ပါကြောင်း ဆိုင်ပိတ်သည့်နှင့်တစ်ပြိုင်နက်တည်း မီးခုလုပ်များစနစ်တကျ ပိတ်ရန် မီးမိန်းချရန် သည့်များ၊မလိုအပ်သောအမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်ကြရန် စသည့်လိုအပ်ချက်များကို ဟောပြောခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူများ လူနေထိုင်မှုအဆင့် မြင့်တင်နိုင်ရန်နှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာနေထိုင်ကြရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment