ကော့ကရိတ်မြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူများအားသွားရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူများအားသွားရောက်တွေ့ဆုံ



MNP - အောက်တိုဘာ   ၇


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀) နာရီချိန်က  လှိုင်ဝကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက ဒေသလိုအပ်ချက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူးမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုအပေါ် ရှင်းလင်းပြောကြားသည်။  ထိုနောက်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်ကျော်ဦးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းလာရောက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင် ၁) ဗိုလ်မှူးထွန်းထွန်းဝင်းက မြို့ရွာ လုံခြုံရေးကိစ္စရပ်အား  ရှင်းလင်းပြောကြားပြီး ခရိုင်အခြေခံပညာဦးစီးဌာနမှ ပညာရေးကဏ္ဍ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လစဉ် ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနံပေးမှုအခြေအနေ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှုပေးလုပ်ငန်းများ အစရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို  ဆွေးနွေးပြောကြသည်။


ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းမှုများအပေါ် ဌာန ဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရာက်လာသည့်  ပြည်သူများနှင့် ၎င်းကျေးရွာဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်အရှင်သူမြတ်တို့အား ကိုဗစ်ရောဂါပိုး ရှိမရှိ RDT Test Kit ဖြင့် စစ်ဆေးပေး ခြင်းနှင့် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)