ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ



MNP - အောက်တိုဘာ   ၃


ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက မိုင်းသောက်ပထမစာသင်တိုက် ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မိုင်းသောက်ပထမစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များနှင့် ဒေသခံပြည်သူ ၂၁၅ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးသူရိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)