မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ   ၁၂


၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄) နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရေနံချောင်းမြို့နယ် အသင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရေနံချောင်းမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆုနှင့် ရှေ့တန်းအကောင်းဆုံးဆု ရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ဝင်များမှ ဆုကလပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော မကွေးမြို့နယ်အသင်းနှင့် တတိယဆုရရှိသော တောင်တွင်းကြီးမြို့နယ်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က တစ်ဦးချင်းဆွဲပြားနှင့်ငွေသားဆု များအားလည်းကောင်း၊ ဒုတိယဆုရရှိသော ဆင်ပေါင်ဝဲမြို့နယ်အသင်းအား လူမှုရေးရာဝန်ကြီးမှ တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့်ငွေသားဆုများအားလည်းကောင်း၊ ပထမဆုရရှိသော ရေနံချောင်းမြို့နယ်အသင်းအား တိုငးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့်ငွေသားဆုများ အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)