မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်(၆၆)ပါးအား အကြိမ်(၆၀)မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် သီလရှင်ဝတ်စုံ (၆၆)စုံ ထည့်သွင်းလှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

demo-image

မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်(၆၆)ပါးအား အကြိမ်(၆၀)မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် သီလရှင်ဝတ်စုံ (၆၆)စုံ ထည့်သွင်းလှူဒါန်း

16


MNP - အောက်တိုဘာ   ၉


မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့်  မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်(၆၆)ပါးအား (၆၀)ကြိမ်မြောက် လောင်းလှူပွဲ သီးတင်းကျွတ် လပြည့်နေ့တွင် သီလရှင် ဝတ်စုံ(၆၆)စုံ ထည့်သွင်းလှူဒါန်းခြင်း၊ သီလရှင်တစ်ပါးလျှင် အလှူငွေကျပ် (၅၀၀၀)လှူဒါန်းခြင်းကို ယနေ့နံနက် (၈)နာရီ၌  ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။


အဆိုပါ လောင်းလှူပွဲကို ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော်က ဦးဆောင်၍ ရပ်ကွက်အသီးသီးမှ အလှူရှင်စေတနာရှင်များ စုပေါင်း၍ လစဉ် လပြည့်နေ့တိုင်း သာသနာ့အနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူလျက်ရှိရာ (၆၀)ကြိမ်မြောက် လောင်းလှူပွဲတွင် မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ  သီလရှင်(၆၆)ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ဆေးနှင့် ဝတ္ထုငွေ အသုံးဆောင်ပစ္စည်းများ လောင်းလှူခြင်းနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ သီလရှင်ဝတ်စုံ(၆၆)စုံနှင့် တစ်ပါးလျှင် ဝတ္ထု‌ ငွေကျပ်( ၅၀၀၀) စီ စုစုပေါင်းတန်ဖိုး ငွေကျပ် (၂၃)သိန်း (၆)သောင်း (၈)ထောင်ကို စုပေါင်းလှူဒါန်းခဲ့ကြပြီး ဆင်ဖြူတော်ကျောင်း ဆရာတော်ထံမှ(၈)ပါးသီလ ခံယူဆောက်တည်ပြီး လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှတန်းဝေခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages