ငါန်းဇွန်မြို့နယ်တွင် မိုးစပါး တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိရေး စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် မိုးစပါး တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိရေး စိုက်ပျိုးနည်းပညာပေးသင်တန်းဖွင့်လှစ်ပို့ချ



MNP - အောက်တိုဘာ ၇


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ခေတ်မီစံပြကျေးရွာ(Smart Village) ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာသီ၌ စပါးအထွက်နှုန်းတိုးမြှင့်စေရေးအတွက် မိုးစပါးတစ်ဧက တင်း (၁၀၀)အထက် ထွက်ရှိရေး စိုက်ပျိုးနည်းပညာ ပေးသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းတို့က အဆိုပါသင်တန်းသို့ တက်ရောက်လာသော တောင်သူများအား Home Garden မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။     


ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက မိုးစပါးတစ်ဧ တင်း(၁၀၀)ထွက်ရှိနိုင်ရေး အတွက် သီးနှံပင်၏ ကြီးထွားမှုအဆင့်တိုင်းတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပို့ချခြင်းနှင့် ဆောင်းသီးများအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်လှိုင်က ပိုးသတ်ဆေးများ စနစ်တကျ ကိုင်တွယ်သုံးခြင်း နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)