မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ယခုနှစ် ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ယခုနှစ် ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည်

 


MNP - အောက်တိုဘာ   ၁၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် နေကြာသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်စေရေးတို့အတွက် ယခုနှစ်ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးက ပြောသည်။


ခရိုင်အတွင်းရှိ မြို့နယ်များ၌ ယခုနှစ် ဆောင်းနေကြာသီးနှံကို လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။


အဆိုပါ ဆောင်းနေကြာစိုက်တောင်သူများအား နိုင်ငံတော်အစိုးရက ဆောင်းနေကြာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးထားသည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင်အတွင်း၌ မြစိမ်းရောင်နေကြာစိုက်ပျိုးနိုင်ရန် ကျေးရွာပေါင်း(၂၁)ရွာမှ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ငွေ (၃၈၀)ကျပ်သန်းကို ကော်မတီဖွဲ့စည်း၍ ထုတ်းချေးပေးသွာမည်ဖြစ်ကြောင်း၊ ထို့အပြင် ယူရီးယာဓါတ်မြေဩဇာများကို နှစ်ဧက တစ်အိတ်နှုန်းဖြင့် လစဉ်ခွဲတမ်းအလိုက် မြို့နယ် ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးအဖွဲ့၏ သတ် မှတ်ဈေးနှုန်းအတိုင်း ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးရာတွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ ယခုနှစ် ဆောင်းနေကြာသီးနှံကို မင်းဘူး (စကု)မြို့နယ်က (၃၃၅၀၄)ဧက၊ ပွင့်ဖြူမြို့နယ်က (၂၆၇၅၅)ဧက၊ စလင်းမြို့နယ်က (၃၆၆၂၂)ဧက၊ ငဖဲမြို့နယ်က (၂၃၉၈)ဧကနှင့် စေတုတ္တရာမြို့နယ်က (၅၄၆၆)ဧက စုစု ပေါင်း (၁၀၄၇၄၅)ဧကအထိ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)