စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်



MNP - အောက်တိုဘာ   ၂၉


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ထပ်ဆင ဆွေးနွေးရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ လုံခြုံရေးနှင့် မိမိကိုယ်ကို လုံခြုံရေးအား အထူးဂရုစိုက် နေထိုင်သွားလာကြရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်သည်နှင့် အညီ အဆင့်ဆင့်ခွင့်စာများ တင်၍ သွားလာကြရန် မိမိရောက်လေရာအရပ်နှင့် သွားရောက်မည့် နေရာဒေသများအား တင်ပြကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် ဆိုင်ကယ်များ စီးလျှင် အမျိုးသားနှစ်ယောက် မစီးရန် ထပ်ဆင့်မှာကြားခဲ့ပြီး မိမိဌာန လက်အောက်ဝန်ထမ်းများနှင့် အသိမိတ်ဆွေများအား ထပ်ဆင့်ရှင်းလင်းပြောပြရန်၊ မိမိဌာနဆိုင်ရာ အလုပ်များ စီမံကိန်း အလုပ်များကို အချိန်မီပြီးစီးရေး၊ ဌာနဆိုင်ရာ အကြီးအကဲများ နယ်‌မြေကျော တာဝန်ဖြင့်သော်လည်းကောင်း၊ မိမိကိုယ်ရေး ကိစ္စများဖြင့်သော်လည်းကောင်း ခရီးသွားပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြရန် မှာကြားခဲ့သည်။ ဌာနဆိုင်ရာများအလိုက် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများ ချမှတ်ထားကြောင်း၊ ဌာနဆိုင်ရာ ရုံးများအား မိမိတို့ရုံး အတွင်းအပြင် သန့်ရှင်းရေးပြုလုပ်ကြရန်နှင့် မလိုလားအပ်သော ပြသာနာများ မဖြစ်ပွားစေရန်အတွက် ရှင်းလင်းကြရန်၊ မိမိရုံးလုံခြုံရေးများကအစ တာဝန်ယူဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာ အကြီးအကဲများအား ကော်မတီအစည်းအဝေးနှင့် အခမ်းအနားများတွင် အချိန်နှင့်တစ်ပြေးညီ တက်ရောက်ကြရန်၊ ဆွေးနွေးခဲ့ပြီး ဗိုလ်မှူး ထင်လင်းအောင်က မိတ်ဆက်စကားများ ပြောကြားခဲ့သည်။


ထို့နောက် ဌာနဆိုင်ရာအလိုက် တစ်ဦးချင်း မိမိဌာနလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ရာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးက အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင် ၂ ခု ကိုင်ဆောင်သူများ တစ်ခြားတစ်ဒေသမှ တစ်နေရာသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်း အိမ်ထောင်စုဇယာများအား မိမိနေထိုင်ရာဒေသနှင့် အကျုံးဝင်အောင် ဆောင်ရွက်ထားကြရန်၊ နိုဝင်ဘာလတွင် အပြီးလုပ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် တင်ပြချက်များကို ဆွေးနွေးတင်ပြခဲ့ ပြီးနောက် ၂၃ ကြိမ်မြောက် ဌာနဆိုင်ရာ ဘုံကထိန်နှင့် ပတ်သက်၍ ဌာနဆိုင်ရာများအား အဖွဲ့ခွဲ၍ အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြစေရန် ခွဲဝေတာဝန်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဌာနဆိုင်ရာ များအား တာဝန်ပေးအပ်လာလျှင် ပူးပေါင်းလုပ်ဆောင်ကြရန် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)