မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

 


MNP - အောက်တိုဘာ   ၄


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာတပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ယမန်နေ့နံနက်က ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၂)တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်ချက်ဖြင့် မိတ္ထီလာမြို့ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ အမှတ်(၁) ရှေ့တန်း အခြေချထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဦးနှင့် တပ်မတော်သားများက မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအား အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး သက် သာသော နှုန်းထားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။ထိုသို့ ရောင်းချရာတွင် ဆန်တစ်ပြည် ၁၄၀၀ ကျပ်၊ စားအုန်းဆီ (၅၀)ကျပ်သား တစ်ဘူး ၃၀၀၀ ကျပ်၊  ကြက်ဥ တစ်လုံး ၁၈၀ ကျပ်၊ ဆားတစ်ထုပ် ၁၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိသည်။ ၎င်းအပြင် ဆီသွတ်ဘူး၊ အသားဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်ဘူးများနှင့် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အာလူး၊ ပဲထောပတ်၊ ဂေါ်ရခါးသီး၊ ခေါက်ဆွဲခြောက် တို့ကိုလည်း သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိသည်။


အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား ရပ်ကွက်နေပြည်သူများအား သက်သာသော နှုန်းထားများဖြင့် လှည့်လည်ရောင်းချပေးနေမှုကို တပ်နယ်မှူး ဗိုလ်မှူးကြီး စိုးသန်းနှင့် တာဝန်ရှိသူများက   ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)