သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌ ပုသိမ်မြို့ရှိ ဘုရား၊ ကျောင်းကန်များတွင် ကုသိုလ်ပြုသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌ ပုသိမ်မြို့ရှိ ဘုရား၊ ကျောင်းကန်များတွင် ကုသိုလ်ပြုသူများဖြင့်စည်ကား



MNP - အောက်တိုဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)ယနေ့၊ နံနက်ပိုင်း၌ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။


သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၊ နေ့ထူးနေ့မြတ် အခါသမယတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူကြသူများ၊ သီတင်းသီလဆောက်တည်ကြသူများ၊ အလှူဒါနပြုကြသူများ၊ ဘုရားဖူးလာကြသူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)