ကျိုက်လတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး




MNP - အောက်တိုဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်  ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင် (၂)ဦးစိန်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်နှင့် ဌာနဆိုင်ရာများက နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ နိုင်ငံသားတိုင်း တာဝန်ရှိသည့် ဒို့တာဝန် အရေးသုံးပါးကို လေးစားလိုက်နာကြရန်၊ နေကြာသီးနှံ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ ကိုလည်း နည်းစနစ်တကျ ထည့်သွင်းဆောင်ရွက်နိုင်ရေး၊ ကိုဗစ် ၁၉ ရောဂါ ပြန်လည် ဖြစ်ပွားနေသည့်အတွက် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံပေးနေသည့်အတွက် ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မော်တော်ယာဉ်၊ ဆိုင်ကယ်များ စနစ်တကျ စီးနင်းကြရန်၊ မိမိနေအိမ် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရပ်ရွာရှိခြုံနွယ်များ ရှင်းလင်းရေး၊ မလိုလားအပ်သော ကိစ္စရပ်များကျေးရွာအတွင်း မဖြစ်ပွားစေရေးအတွက် ဧည့်စာရင်းများ စနစ်တကျ တိုင်ကြားရန်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမှုအခြေအနေ၊ အိမ်ထောင်စု စာရင်းပုံစံ (၆၆/၆) ပြုလုပ်ပေးမှု အခြေအနေ၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ပေးနေမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်း၏ လုံခြုံရေးကိစ္စရပ်များ၊ မီဒီယာနှင့်ပတ်သက်၍ သတင်းမှန်များ၊ နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်များကို တရားဝင် ထုတ်လွှင့်နေသည့် MRTV ၊MWD တို့ကို ကြည့်ရှုပါမှ အမှန်ကို သိရှိမည်ဖြစ်ကြောင်း၊ တရားမဝင် ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုပြီး လမ်းမှားမရောက် စေလိုကြောင်း၊ လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေ၊ ပုံစံ(၇)ပြုလုပ်ပေးမှု အခြေအနေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအကြောင်း သိကောင်းစရာများ၊ မြစ်ကြောင်း တစ်လျှောက် ငါးသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးလုပ်ငန်း ဥပဒေအကြောင်း သိကောင်းစရာများ၊ စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက်ကျေးရွာတိုင်းတွင် စာကြည့်တိုက်များ ဖြစ်ပေါ်လာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများ စသည်တို့ကိုရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများ တင်ပြလာသော  ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဒေါ်ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)