ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် အပင်များ ပြုစုပျိုးထောင်ထားမှုကြောင့် ရှင်သန်ကြီးထွားနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးခဲ့သည့် အပင်များ ပြုစုပျိုးထောင်ထားမှုကြောင့် ရှင်သန်ကြီးထွားနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး



MNP - အောက်တိုဘာ   ၁၄


ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် မြစ်ကြီးနားမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် မြစ်ကြီးနား တက္ကသိုလ်တို့တွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရသစ်ပင်များကို ရှင်သန်အောင်မြင်စေရေး ပြုစုပျိုးထောင်ထား ရှိခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီက သစ်ပင်များရှင်သန် အောင်မြင်ဖြစ်ထွန်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကြ သည်။


ထိုသို့ စိုက်ပျိုးထားခဲ့သည့် သစ်ပင်များကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဥက္ကာနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအတွင်း မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်နှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တို့တွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရလေကာပင်များ ပြုစုပျိုးထောင်ထားရှိရာ ရှင်သန်ကြီးထွားနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ဖြန့်ဝေ စိုက်ပျိုးသွားရန် မြို့မပျိုးဥယျာဉ်အတွင်း ပြုစုပျိုးထောင်ထားသည့် ကျွန်း၊ ပိတောက်၊ စကားဝါ၊ ထင်းရှုး၊ တမလန်း၊ ကညင်၊ ပိတောက်နက်၊ သပြေ၊ ယမနေ၊ ပျဉ်းကတိုး စသည့် ပျိုးပင်ပေါင်း ၃၇၃၃၂ ပင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ မိုးလုံလေလုံအားက စားရုံ ပတ်ဝန်းကျင်၌ မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးထားခဲ့သည့် အရိပ်ရ လေကာပင်ကြီးများ ရှင်သန်အောင်မြင်ကြီးထွားနေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကာ ကြီးထွား မှုနှေးသည့် အပင်များအား ပြုစုပျိုးထောင်ပေးရေးနှင့် လိုအပ်သည့် ပြုစုပျိုးထောင်မှုများ ဆက်လက်ဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)